ဆီဘောက်ဆာ ရေဘောက်ဆာတွေက ဘဲဥပုံ ဆလင်ဒါတွေဖြစ်နေရတဲ့ အကြောင်းအရင်းမှန်




၁။ ဘဲဥ ပုံ ဟာ လေးထောင့် ပုံထက်ပိုပြီးတော့ ကမ္ဘာ့ ဆွဲအား သက်ရောက်မှုလျော့နည်းပါတယ်။ ပမာဏချင်းအတူတူ သယ်နိုင်ရင်တောင် လေထုဖိအားခံရတဲ့ ဧရိယာ ကွာပါတယ်။

၂။ အရည် ပြန်လည်ထုတ်ယူတဲ့အခါမှာလည်း ဘဲဥပုံက အလေအလွင့်နည်းပါတယ်။ လေးထောင့်ကန်တကန်မှာ အောက်ခြေ တလက်မ ကျန်ရင်ကို ဂါ လံ အများကြီး ကျန်ပါတယ်။ ဘဲဥပုံ မှာ တော့ အလေ အလွင့် အတော်နည်းတယ်ပြောရပါမယ်။

၃။ သတ္တုပြားတွေကို ဂဟေ ဆက်ထားရတဲ့ လေးထောင့်ပုံသဏ္ဍာန် ဟာ ဘဲဥပုံ ထက်ပိုပြီး ယိုပေါက် စိမ့်ပေါက်ဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့် ကျနော်တို့ပါတ်ဝန်းကျင်က ရေပုံးတွေဆိုလဲ အဝိုင်း (သို့မဟုတ်) ဘဲဥပုံ တွေပဲများပါတယ်။

၄။ နောက်တစ်ခုက အပြည့်ဖြည့်မထားပဲ သယ်တဲ့ အချိန် ဘဲဥသဏ္ဍာန်ဟာ အရည် ဘောင်ဘင်ခတ်မှု အား ကို ပိုချေဖျက်နိုင်ပါတယ်။လေးထောင့်သာဆိုရင်တော့ ထောင့်မှန်အတိုင်းရိုက်ခတ်မှုကြောင့် ပိုကြီးတဲ့ အားနဲ့ဘောင်ဘင် ရိုက်စေမှာပါ။

အကယ်၍ဘောင်ဘင် ခတ် လို့ စောင်းသွားသည့်တိုင်အောင် ဘဲဥ သဏ္ဍာန်ဟာ ဗဟိုချက်နဲ့ အနီးဆုံးမို့ တိမ်းမှောက် နိုင်ချေဟာ လေးထောင့် သဏ္ဍာန်ထက် ဖြစ်နိုင်ချေ နည်းပါတယ်။

ဒီအချက်တွေကြောင့် လက်ရှိမှာ ဘောက်ဆာကားတွေကို ဘဲဥပုံ ဆလင်ဒါ ကား တွေအနေနဲ့မြင်ကြရတာပါ။

U Myint Soe

ဆီေဘာက္ဆာ ေရေဘာက္ဆာေတြက ဘဲဥပုံ ဆလင္ဒါေတြျဖစ္ေနရတဲ့ အေၾကာင္းအရင္းမွန္

၁။ ဘဲဥ ပုံ ဟာ ေလးေထာင့္ ပုံထက္ပိုၿပီးေတာ့ ကမၻာ့ ဆြဲအား သက္ေရာက္မႈေလ်ာ့နည္းပါတယ္။ ပမာဏခ်င္းအတူတူ သယ္နိုင္ရင္ေတာင္ ေလထုဖိအားခံရတဲ့ ဧရိယာ ကြာပါတယ္။

၂။ အရည္ ျပန္လည္ထုတ္ယူတဲ့အခါမွာလည္း ဘဲဥပုံက အေလအလြင့္နည္းပါတယ္။ ေလးေထာင့္ကန္တကန္မွာ ေအာက္ေၿခ တလက္မ က်န္ရင္ကို ဂါ လံ အမ်ားႀကီး က်န္ပါတယ္။ ဘဲဥပုံ မွာ ေတာ့ အေလ အလြင့္ အေတာ္နည္းတယ္ေျပာရပါမယ္။

၃။ သတၱဳျပားေတြကို ဂေဟ ဆက္ထားရတဲ့ ေလးေထာင့္ပုံသ႑ာန္ ဟာ ဘဲဥပုံ ထက္ပိုၿပီး ယိုေပါက္ စိမ့္ေပါက္ျဖစ္နိုင္ေခ်မ်ားပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ပါတ္ဝန္းက်င္က ေရပုံးေတြဆိုလဲ အဝိုင္း (သို႔မဟုတ္) ဘဲဥပုံ ေတြပဲမ်ားပါတယ္။

၄။ ေနာက္တစ္ခုက အျပည့္ျဖည့္မထားပဲ သယ္တဲ့ အခ်ိန္ ဘဲဥသ႑ာန္ဟာ အရည္ ေဘာင္ဘင္ခတ္မႈ အား ကို ပိုေခ်ဖ်က္နိုင္ပါတယ္။ေလးေထာင့္သာဆိုရင္ေတာ့ ေထာင့္မွန္အတိုင္းရိုက္ခတ္မႈေၾကာင့္ ပိုႀကီးတဲ့ အားနဲ႔ေဘာင္ဘင္ ရိုက္ေစမွာပါ။

အကယ္၍ေဘာင္ဘင္ ခတ္ လို႔ ေစာင္းသြားသည့္တိုင္ေအာင္ ဘဲဥ သ႑ာန္ဟာ ဗဟိုခ်က္နဲ႔ အနီးဆုံးမို႔ တိမ္းေမွာက္ နိုင္ေခ်ဟာ ေလးေထာင့္ သ႑ာန္ထက္ ျဖစ္နိုင္ေခ် နည္းပါတယ္။

ဒီအခ်က္ေတြေၾကာင့္ လက္ရွိမွာ ေဘာက္ဆာကားေတြကို ဘဲဥပုံ ဆလင္ဒါ ကား ေတြအေနနဲ႔ျမင္ၾကရတာပါ။

U Myint Soe







CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031