မီးရှို့နှိပ်စက်ခံရသည့် ၁၃ နှစ်အရွယ်ကလေးငယ်ကို ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း




ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့က ဆီလောင်းမီးရှို့ခံရတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကို လပွတ္တာမြို့နယ်၊ ၃ မိုင်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းမှာ လွှဲပြောင်းပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံက လူမှုဆက်ဆံရေးအရာရှိ ကိုအောင်မျိုးခိုင်က “ကာယကံရှင်ရဲ့ ဆန္ဒအရ လွှဲပြောင်းပေးလိုက်တာပါ၊ ရန်ကုန်မှာသွားကုရင်တော့ ပိုကောင်းမယ်၊ သွားချင်လားလို့မေးလိုက်တော့ သွားမယ်ဆိုတာနဲ့ လွှဲပေးလိုက်တာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။

အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေဟာ မိခင်ဖြစ်သူနဲ့အတူ တုနှိုင်းမမီ ထမင်းနဲ့ ရခိုင် မုန့်တီဆိုင်မှာ ဆိုင်အကူအဖြစ် အလုပ်လုပ်နေရင်း ပိုက်ဆံ ၈၀၀၀၀ ခိုးယူတယ်လို့ ဆိုင်ရှင်က စွပ်စွဲကာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းက ဆီလောင်းမီးရှို့ခံခဲ့ရပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ၃ မိုင်ဆေးရုံမှာ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူခဲ့ရတာပါ။ လပွတ္တာမြို့နယ် ၃ မိုင်ဆေးရုံကြီးမှာ ၅ ရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းမှာ ရန်ကုန်ဆေးရုံကြီးကိုလွှဲပြောင်းဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စီစဉ်ခဲ့ပြီး ည ၁၀ နာရီ ၂၀ အချိန်လောက်မှာ ဒေသခံပရဟိတအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံ ကြီးကို ပို့ဆောင်ခဲ့ပါတယ်။

အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေကို ဆီလောင်းမီးရှို့ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ဆိုင်ပိုင်ရှင်ဒေါ်ချိုချိုစန်းကို ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးရဲ့ တရားလိုပြုလုပ်တိုင်တန်းမှုနဲ့ လပွတ္တာမြို့မရဲစခန်းမှာ (ပ) ၇၀/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ဖေဖော်ဝါရီလ ၂၃ ရက် မနက်ပိုင်းက အမှုဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကိုပြောပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်) DVB TV News

မီးရွို႔ႏွိပ္စက္ခံရသည့္ ၁၃ ႏွစ္အရြယ္ကေလးငယ္ကို ရန္ကုန္ေဆး႐ုံႀကီးသို႔ လႊဲေျပာင္း

ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕က ဆီေလာင္းမီးရႈိ႕ခံရတဲ့ အသက္ ၁၃ ႏွစ္အ႐ြယ္ ကေလးငယ္ကို လပြတၱာၿမိဳ႕နယ္၊ ၃ မိုင္ေဆး႐ုံမွ ရန္ကုန္ေဆး႐ုံႀကီးသို႔ ေဖေဖာ္ဝါရီ ၂၄ ရက္ ညပိုင္းမွာ လႊဲေျပာင္းပို႔ေဆာင္ခဲ့ပါတယ္။ ေဆး႐ုံက လူမႈဆက္ဆံေရးအရာရွိ ကိုေအာင္မ်ိဳးခိုင္က “ကာယကံရွင္ရဲ႕ ဆႏၵအရ လႊဲေျပာင္းေပးလိုက္တာပါ၊ ရန္ကုန္မွာသြားကုရင္ေတာ့ ပိုေကာင္းမယ္၊ သြားခ်င္လားလို႔ေမးလိုက္ေတာ့ သြားမယ္ဆိုတာနဲ႔ လႊဲေပးလိုက္တာပါ” လို႔ ဒီဗြီဘီကိုေျပာပါတယ္။ အသက္ ၁၃ ႏွစ္အ႐ြယ္ ေမာင္ဖိုးစေနဟာ မိခင္ျဖစ္သူနဲ႔အတူ တုႏႈိင္းမမီ ထမင္းနဲ႔ ရခိုင္ မုန႔္တီဆိုင္မွာ ဆိုင္အကူအျဖစ္ အလုပ္လုပ္ေနရင္း ပိုက္ဆံ ၈၀၀၀၀ ခိုးယူတယ္လို႔ ဆိုင္ရွင္က စြပ္စြဲကာ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔ ညပိုင္းက ဆီေလာင္းမီးရႈိ႕ခံခဲ့ရၿပီး ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ ၃ မိုင္ေဆး႐ုံမွာ ေဆး႐ုံတက္ေရာက္ေဆးကုသမႈ ခံယူခဲ့ရတာပါ။

လပြတၱာၿမိဳ႕နယ္ ၃ မိုင္ေဆး႐ုံႀကီးမွာ ၅ ရက္ၾကာ ေဆးကုသမႈခံယူခဲ့ၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ ညပိုင္းမွာ ရန္ကုန္ေဆး႐ုံႀကီးကိုလႊဲေျပာင္းဖို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြက စီစဥ္ခဲ့ၿပီး ည ၁၀ နာရီ ၂၀ အခ်ိန္ေလာက္မွာ ေဒသခံပရဟိတအသင္းယာဥ္နဲ႔ ရန္ကုန္ေဆး႐ုံ ႀကီးကို ပို႔ေဆာင္ခဲ့ပါတယ္။ အသက္ ၁၃ ႏွစ္အ႐ြယ္ ေမာင္ဖိုးစေနကို ဆီေလာင္းမီးရႈိ႕ခဲ့တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ဆိုင္ပိုင္ရွင္ေဒၚခ်ိဳခ်ိဳစန္းကို ဧရာဝတီတိုင္းေဒသႀကီး ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေကာ္မတီဝင္ ဦးျမင့္ေဌးရဲ႕ တရားလိုျပဳလုပ္တိုင္တန္းမႈနဲ႔ လပြတၱာၿမိဳ႕မရဲစခန္းမွာ (ပ) ၇၀/၂၀၂၀၊ ရာဇသတ္ႀကီး ပုဒ္မ ၃၂၆ နဲ႔ေဖေဖာ္ဝါရီလ ၂၃ ရက္ မနက္ပိုင္းက အမႈဖြင့္ထားတယ္လို႔ တိုင္းရဲတပ္ဖြဲ႕က ဒုရဲမႉးႀကီး ထြန္းေ႐ႊက ဒီဗြီဘီကိုေျပာပါတယ္။

သတင္း- မင္းထက္မုန္း (ပုသိမ္) DVB TV News







CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031