ကိုရိုနာဗိုင်းရပ်စ်ပြင်းထန်စွာဖြစ်ပွားနေတဲ့ တရုတ်ကို ရောဂါကုသရေးပစ္စည်းတွေ မြန်မာက သွားရောက်ထောက်ပံ့




နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် ပြင်းထန်စွာဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံကို ရောဂါတိုက်ဖျက်ရေးအတွက် ကုသရေး ပစ္စည်းတွေကို မြန်မာ့တပ်မတော်ကနေ လေတပ် လေယာဉ်ကို အသုံးပြုပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ ထောက်ပံ့ပို့ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလိုထောက်ပံ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က‘ ‘ မြန်မာ့တပ်မတော်က ကုသရေးပစ္စည်းတွေ ထောက်ပံ့ပေးအပ်တာကို ကျေးဇူး တင်ရှိကြောင်း ပြောကြားပြီး တရုတ်နိုင်ငံတစ်နိုင်ငံလုံး စည်းလုံးညီညွှတ်စွာ ကြိုးပမ်းတိုက်ဖျက်မှုနဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံအားပေးမှုအောက်မှာ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်မှုဟာ ဆောလျင်စွာ ဘက်စုံအောင်မြင်မှုရရှိမှာ မုချဧကန်ဖြစ်တယ်’’လို့ ပြန်လည် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူတွေ့ရှိခြင်းမရှိသေးပေမယ့်လည်း ရုတ်တရက်တပြိုင်နက်တွေ့ရှိလာနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သတိပေးပန်ကြားထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ -Chinese Embassy in Myanmar

ပုံစာ – မြန်မာ့တပ်မတော်က ထောက်ပံ့တဲ့ ကုသရေးပစ္စည်းတွေ တရုတ်ကို သွားရောက်ပို့ဆောင်မယ့်သူတွေကို တရုတ်သံအမတ်ကနေပြည်တော်လေဆိပ်မှာနှုတ်ဆက်ပို့ဆောင်စဉ်

Credit to BBC

ကိုရိုနာဗိုင္းရပ္စ္ျပင္းထန္စြာျဖစ္ပြားေနတဲ့ တ႐ုတ္ကို ေရာဂါကုသေရးပစၥည္းေတြ ျမန္မာက သြားေရာက္ေထာက္ပံ့

နိုဗယ္ကိုရိုနာ ဗိုင္းရပ္စ္ ျပင္းထန္စြာျဖစ္ပြားေနတဲ့ တ႐ုတ္နိုင္ငံကို ေရာဂါတိုက္ဖ်က္ေရးအတြက္ ကုသေရး ပစၥည္းေတြကို ျမန္မာ့တပ္မေတာ္ကေန ေလတပ္ ေလယာဥ္ကို အသုံးျပဳၿပီး ဒီကေန႔ ေဖေဖာ္ဝါရီ ၂၅ရက္ေန႔မွာ ေထာက္ပံ့ပို႔ေဆာင္ခဲ့တယ္လို႔ ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

ဒီလိုေထာက္ပံ့တဲ့အေပၚ ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Mr. Chen Hai က‘ ‘ ျမန္မာ့တပ္မေတာ္က ကုသေရးပစၥည္းေတြ ေထာက္ပံ့ေပးအပ္တာကို ေက်းဇူး တင္ရွိေၾကာင္း ေျပာၾကားၿပီး တ႐ုတ္နိုင္ငံတစ္နိုင္ငံလုံး စည္းလုံးညီညႊတ္စြာ ႀကိဳးပမ္းတိုက္ဖ်က္မႈနဲ႔ ျမန္မာနိုင္ငံအပါအဝင္ နိုင္ငံတကာအသိုင္းအဝိုင္းရဲ့ ေထာက္ခံအားေပးမႈေအာက္မွာ ေရာဂါႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္မႈဟာ ေဆာလ်င္စြာ ဘက္စုံေအာင္ျမင္မႈရရွိမွာ မုခ်ဧကန္ျဖစ္တယ္’’လို႔ ျပန္လည္ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာနိုင္ငံမွာ လက္ရွိ အခ်ိန္အထိ ကိုရိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားသူေတြ႕ရွိျခင္းမရွိေသးေပမယ့္လည္း ႐ုတ္တရက္တၿပိဳင္နက္ေတြ႕ရွိလာနိုင္တဲ့အတြက္ သတိျပဳေနထိုင္ၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနကေန သတိေပးပန္ၾကားထားပါတယ္။

#ဘီဘီစီျမန္မာပိုင္း

ဓာတ္ပုံ -Chinese Embassy in Myanmar

ပုံစာ – ျမန္မာ့တပ္မေတာ္က ေထာက္ပံ့တဲ့ ကုသေရးပစၥည္းေတြ တ႐ုတ္ကို သြားေရာက္ပို႔ေဆာင္မယ့္သူေတြကို တ႐ုတ္သံအမတ္ကေနျပည္ေတာ္ေလဆိပ္မွာႏႈတ္ဆက္ပို႔ေဆာင္စဥ္

Credit to BBC







CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031