ဦးဇင်းတွေ ကြွလာတာမြင်တာနဲ့ မြေပေါ်ထိုင်ချ ရှိခိုးကြတဲ့ မြို့




ခုအချိန်ထိ ရောက်ခဲ့သမျှနေရာတွေထဲမှာ မတွေ့ဖူးသေးတဲ့ အမှတ်မထင် တွေ့လိုက်ရသော တောဘုန်းကြီးကလေး

 

 

အယဉ်ကျေးဆုံး ရတနာမြေ (သို့ုမဟုတ်) ဓမ္မစကူးလ်မြို့ အင်းတော်တောဘုန်းကြီးကလေးမြို့ထဲကို ဝင်လိုက်တာနှင့် ပထမဆုံးတွေ့ရတာက မြေကြီးပေါ် ကျကျနနထိုင်ပြီး ရှိခိုးကန်တော့နေကြတဲ့ ပုံရိပ်တွေပါပဲ။ခုအချိန်ထိ ရောက်ခဲ့သမျှနေရာတွေထဲမှာ မတွေ့ဖူးသေးတဲ့ အကောင်းဆုံး အလှတရားတွေ ဖြစ်ပါတယ်​တောဘုန်းကြီးကလေးတို့ ဒေသမှာငယ်စဉ်တုန်းက တွေ့ရသေးပေမယ့် ခုချိန်တော့ ပျောက်ကွယ်သလောက်နီးနီး ဖြစ်နေပါပြီ။ခုတခါ အမှတ်မထင် တွေ့လိုက်ရတော့ ရင်ထဲမှာ လှုပ်လှုပ်ခတ်ခတ်လေးဖြစ်သွားရပါတယ်။

မြေပြင်ပေါ် ပြားပြားဝပ် ဦးတော်တင်ကြတဲ့အထဲမှာအဖွား အမေတွေပါမကလူငယ်တွေပါ ပါပါတယ်။အထူးသဖြင့် ဆယ်ကျော်သက်​ယောက်ျားလေးတွေပေါ့ဒီပုံရိပ်တွေ မြင်လိုက်တယ်ဆိုရင်ပင်တည်းတဲ့နေရာ မရောက်ခင်မှာပဲကျက်သရေရှိလိုက်တာလို့ တွေးရင်း ဒီမြို့ကလေးကို ချစ်သွားမိပါတော့တယ်။ဗုဒ္ဓဘာသာ အငွေ့အသက်တွေထုံမွှမ်းပြီး ဓမ္မစကူးလ်ကျောင်းတွေ ဖွင့်လှစ်ခဲ့တာတွေက အလှပေါ်အယဉ်ဆင့်ဆိုသလို အရိုးပေါ် အရွက်မဖုံးတဲ့ အလှဆုံးကျက်သရေရှိတဲ့ အဖြစ်ပါပဲ။

ဒီဓလေ့ ဒီအပြုအမှု ရိုးရာတွေဟာမန်လည်ဆရာတော်ဘုရားကြီးရဲ့ သြဝါအဆုံးအမတွေဖြစ်ပါသတဲ့ ။ဒေသခံတို့ရဲ့တဆင့်စကား ကြားခဲ့ရပါတယ် ။ဒီဓလေ့ ဒီအလှတရားတွေ မြင်ချင်တွေ့ချင်ကြရင်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့လေးကို လာခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါရစေ။

တောဘုန်းကြီးကလေး 28-11-2019 / 4:23 pm

ဦးဇင္းေတြ ႂကြလာတာျမင္တာနဲ႔ ေျမေပၚထိုင္ခ် ရွိခိုးၾကတဲ့ ၿမိဳ႕

ခုအခ်ိန္ထိ ေရာက္ခဲ့သမၽွေနရာေတြထဲမွာ မေတြ႕ဖူးေသးတဲ့ အမွတ္မထင္ ေတြ႕လိုက္ရေသာ ေတာဘုန္းႀကီးကေလး

အယဥ္ေက်းဆံုး ရတနာေျမ (သို႔ုမဟုတ္) ဓမၼစကူးလ္ၿမိဳ႕ အင္းေတာ္ေတာဘုန္းႀကီးကေလးၿမိဳ႕ထဲကို ဝင္လိုက္တာႏွင့္ ပထမဆံုးေတြ႕ရတာက ေျမႀကီးေပၚ က်က်နနထိုင္ၿပီး ရွိခိုးကန္ေတာ့ေနၾကတဲ့ ပံုရိပ္ေတြပါပဲ။ခုအခ်ိန္ထိ ေရာက္ခဲ့သမွ်ေနရာေတြထဲမွာ မေတြ႕ဖူးေသးတဲ့ အေကာင္းဆံုး အလွတရားေတြ ျဖစ္ပါတယ္​ေတာဘုန္းႀကီးကေလးတို႔ ေဒသမွာငယ္စဥ္တုန္းက ေတြ႕ရေသးေပမယ့္ ခုခ်ိန္ေတာ့ ေပ်ာက္ကြယ္သေလာက္နီးနီး ျဖစ္ေနပါၿပီ။ခုတခါ အမွတ္မထင္ ေတြ႕လိုက္ရေတာ့ ရင္ထဲမွာ လႈပ္လႈပ္ခတ္ခတ္ေလးျဖစ္သြားရပါတယ္။

ေျမျပင္ေပၚ ျပားျပားဝပ္ ဦးေတာ္တင္ၾကတဲ့အထဲမွာအဖြား အေမေတြပါမကလူငယ္ေတြပါ ပါပါတယ္။အထူးသျဖင့္ ဆယ္ေက်ာ္သက္​ေယာက္်ားေလးေတြေပါ့ဒီပံုရိပ္ေတြ ျမင္လိုက္တယ္ဆိုရင္ပင္တည္းတဲ့ေနရာ မေရာက္ခင္မွာပဲက်က္သေရရွိလိုက္တာလို႔ ေတြးရင္း ဒီၿမိဳ႕ကေလးကို ခ်စ္သြားမိပါေတာ့တယ္။ဗုဒၶဘာသာ အေငြ႕အသက္ေတြထံုမႊမ္းၿပီး ဓမၼစကူးလ္ေက်ာင္းေတြ ဖြင့္လွစ္ခဲ့တာေတြက အလွေပၚအယဥ္ဆင့္ဆိုသလို အ႐ိုးေပၚ အရြက္မဖံုးတဲ့ အလွဆံုးက်က္သေရရွိတဲ့ အျဖစ္ပါပဲ။

ဒီဓေလ့ ဒီအျပဳအမႈ ႐ိုးရာေတြဟာမန္လည္ဆရာေတာ္ဘုရားႀကီးရဲ႕ ၾသဝါအဆံုးအမေတြျဖစ္ပါသတဲ့ ။ေဒသခံတို႔ရဲ႕တဆင့္စကား ၾကားခဲ့ရပါတယ္ ။ဒီဓေလ့ ဒီအလွတရားေတြ ျမင္ခ်င္ေတြ႕ခ်င္ၾကရင္ျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး အင္းေတာ္ၿမိဳ႕ေလးကို လာခဲ့ၾကပါလို႔ ဖိတ္ေခၚလိုက္ပါရေစ။

ေတာဘုန္းႀကီးကေလး 28-11-2019 / 4:23 pm







CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031