ဒီလိုလူမျိုးတွေ ရှိနေတဲ့ အိမ်ဟာ သေချာပေါက် ဆင်းရဲနေတဲ့ အိမ်ပဲ




ဘယ်လိုအိမ်တွေ ဆင်းရဲလဲဆိုတော့

(၁) သီလလုံခြုံမှု မရှိသူတွေ နေတဲ့အိမ်၊

(၂) မိဘနှစ်ပါးရဲ့ စီမံခန့်ခွဲ၊ ဆုံးမသွန်သင်မှု ညံ့ဖျင်းတဲ့ အိမ်၊

(၃) မိဘနှစ်ပါး အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ အိမ်၊

(၄) မိသားစုဝင် အချင်းချင်း လေးစားမှု မရှိဘဲ ရန်ဖြစ်နေတဲ့ အိမ်၊

(၅) မိသားစုကို ချစ်တတ်တဲ့သူတွေ ရှိမနေတဲ့ အိမ်၊

(၆) လက်ကြောမတင်း၊ ပျင်းရိတဲ့သူတွေ ရှိနေတဲ့ အိမ်၊

(၇) လောင်းကစားနှင့် မူးယစ်ဆေး စွဲလမ်းသူတွေ ရှိနေတဲ့ အိမ်၊

(၈) အိမ်တွင်းသူခိုးတွေ ရှိနေတဲ့ အိမ်၊

(၉) အပျော်အပါး လိုက်စားသူတွေ ရှိနေတဲ့ အိမ်၊

(၁၀) လူမှုရေး ဖောက်ပြန်သူတွေ ရှိနေတဲ့ အိမ်၊

(၁၁) ကိုယ်ချင်းစာတရား မရှိဘဲ၊ တကိုယ်ကောင်းဆန်သူတွေ များနေတဲ့ အိမ်၊

(၁၂) ရေရှည် မကြည့်ဘဲ လက်ငင်း အဆင်ပြေမှုကိုသာ ကြည့်သူတွေ ရှိနေတဲ့ အိမ်၊

(၁၃) ဦးနှောက်နှင့် ပါးစပ်ယှဉ်လျှင် ပါးစပ်ကို ဦးစားပေးသူတွေ နေတဲ့ အိမ်၊

(၁၄) စေတနာမကောင်းသူ (ဝါ) ကံမကောင်းသူတွေ နေတဲ့ အိမ်၊

(၁၅) အသုံးအဖြုန်းကြီးပြီး စည်းကမ်း မရှိသူတွေ နေတဲ့ အိမ်၊

(၁၆) ဦးဆောင်သူ မရှိဘဲ ဆရာလုပ်သူတွေ များနေတဲ့ အိမ်၊

(၁၇) ယဉ်ကျေးသိမ်မွေ့၊ ရိုးသားသူတွေ ရှိမနေတဲ့ အိမ်၊

(၁၈) အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း မရှိတဲ့ အိမ်၊

(၁၉) မိမိကိုယ်မိမိ လေးစားတန်ဖိုးထားတတ်တဲ့ သူတွေ ရှိမနေတဲ့ အိမ်။

ဒီအချက်တွေထဲက အနည်းဆုံး (၇) ချက်ရှိတဲ့ အိမ်ဟာ ဆင်းရဲတော့မယ်ဆိုတာ သေချာသလောက် ရှိနေပါပြီ

ကျွန်တော်ပြောနေတဲ့ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတာ ရုပ်ဝတ္ထုပစ္စည်းဥစ္စာတွေထက် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲ၊ ချမ်းသာတာကို အဓိက ဆိုလိုပါတယ်။

Credit – ဒေါက်တာနတ်စိမ်း































CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031