
အသားလှုပ် နိမိတ်ကျမ်း
(၁) ငယ်ထိပ်လှုပ်မူ မင်းပူဇော်ခံရအ့ံ၊ ချစ်ခင်သော မိတ်ဆွေများနှင့် တွေ့ရအ့ံ။ (၂) လက်ဝဲဦးကင်လှုပ်မူ သတင်းကောင်းကြားရအ့ံ၊အကြံအစည်အထမြောက်အ့ံ။ (၃) လက်ယာဦးကင်းလှုပ်မူလာဘ်ရအ့ံ။ (၄) လက်ယာအထက်မျက်ခုံးလှုပ်မူ လာဘ်ရအ့ံ။ အဆွေခင်ပွန်းကောင်းနှင့်တွေ့ကြုံရအ့ံ။ (၅) လက်ဝဲအထက်မျက်ခုံးလှုပ်မူ အကြံအစည်အောင်အံ့။ (၆) လက်ယာအောက်မျက်ရေခံလှုပ်မူ သူတစ်ပါးတို့နှင့် ခိုက်ရန်ညအမျက်ဒေါသရှိအ့ံ။ ချစ်သူနှင့်တွေ့ရအ့ံ။မယားရအ့ံ။ (၇) လက်ဝဲအောင်မျက်ရေခံလှုပ်မူ ငိုရအ့ံ။ဆင်းရဲအ့ံ။ (၈) လက်ယာနားလှုပ်မူ ချမ်းသာအ့ံ၊သုခရအံ။ (၉) လက်ဝဲနားလှုပ်မူ သူတပါးနှင့်ခိုက်ရန်ဒေါသဖြစ်ပွားရအ့ံ။ဥစ္စာပစ္စည်းရအ့ံ။ (၁၀) လက်ယာဘက်နှာခေါင်းလှုပ်မူချစ်ခင်သူများပြီးမိတ်ဆွေကောင်းရအ့့ံ။ (၁၁) […]