Technology

သိပ်မကြာခင်မှာ သွေးစစ်ဆေးမှုကနေ ဘယ်အချိန်သေဆုံးနိုင်မလဲဆိုတာ ခန့်မှန်းနိုင်တော့မည်

သွေးစစ်ဆေးမှုအသစ်တစ်ခုကနေ တိကျတဲ့ခန့်မှန်းမှုတွေကို သမာရိုးကျအန္တရာယ်ဖြစ်စေနိုင်မယ့် အကြောင်းအရာတွေဖြစ်တဲ့ BMI တွေ သွေးဖိအားတွေကိုအသုံးပြုပြီးပြုလုပ်ထားမှာပါ။သင်ဟာနောက်၁ဝနှစ်အတွင်း သေဆုံးမှာလား မသေဆုံးဘူးလားဆိုတာကိုသိရမယ်ဆိုတာ ဘယ်လိုမှကိုခန့်မှန်းနိုင်စရာနည်းလမ်းမရှိပါဘူး။သွေးစစ်ဆေးမှုပုံစံအသစ်ကိုုရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေကိုအရမ်းကျေးဇူးတင်ပါတယ်။ သွေးစစ်တယ်ဆိုတာ သာမာန်လုပ်နေကျလုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပြီး နာမကျန်းဖြစ်တာတွေ ဒါမှမဟုတ် အခြေအနေတွေ ဒါမှမဟုတ် ခန္ဒာကိုယ်တွင်းကအင်္ဂါတွေ ပုံမှန်အလုပ်လုပ်ရဲ့လားဆိုတာတွေကို ဆရာဝန်တွေသိရှိအောင် အကူအညီပေး တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ဒီသွေးစစ်မှုအသစ်ကတော့ နောက်၁ဝနှစ်အတွင်းသေဆုံးနိုင်မှုကိုသေသေချာချာခန့်မှန်းနိုင်ပြီး ၈ဝရာခိုင်နှုန်းတိကျမှန်ကန်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါသွေးစစ်မှုအသစ်ကို ဂျာမနီမှသိပ္ပံပညာရှင်အဖွဲ့တစ်ခုက အောင်မြင်အောင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။တစ်စုံတစ်ယောက်ဘယ်အချိန်မှာသူတို့သေဆုံးမလဲဆိုတာသိလိုက်ရရင် ထိပ်လန့်တုန်လှုပ်သွားမှာပါ သိပ္ပံပညာရှင်တွေကတော့ တကယ်တော့ဒါဟာ အန္တရာယ်ရှိနေတဲ့သူတွေအတွက် အကူအညီဖြစ်လိမ့်မယ်လို့ပြောပါတယ် အန္တရာယ်လာနေပြီဆိုတာသတိပေးနေသလိုဖြစ်တဲ့အတွက် […]

Technology

ကျောက်သင်ပုန်းတချပ်ကို လွယ်လွယ်နဲ့ဖြစ်လာတယ် ထင်လား

ကျောက်သင်ပုန်းတချပ်ကို လွယ်လွယ်နဲ့ဖြစ်လာတယ် ထင်ရင် မှားမှာပေါ့…တပုံချင်းကြည့်ပြီးလေ့လာစေချင်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၊ မုဒွန်းကျေးရွာ၊ ကျောက်သင်ပုန်းတောင်မှ ကျောက်သင်ပုန်းကျောက်တူးဖော်ပုံနှင့် ကျောက်သင်ပုန်းပြုလုပ်ပုံ အဆင့်ဆင့်… တချို့ ကျောက်သင်ပုန်းသုံးတဲ့သူတွေက လွယ်လွယ်သုံးပြီး တန်ဖိုးမထားတတ်ကြတာ လုပ်တဲ့သူတွေကတော့ ကျောက်သင်ပုန်းလေးတစ်ချပ် ဖြစ်လာဖို့အတွက် အသက်တွေ ချွေးတွေရင်းပြီးလုပ်ကြရတာပါ။ ကျောက်သင်ပုန်း(tablet)နှင့် ကျောက်တံ(pen)များ ဖြစ်ပေါ်လာပုံမှာ ၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်း ဆိုသူသည် မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့်ခြစ်ကာ မြန်မာ့ tablet ကျောက်သင်ပုန်းကို […]