NEWS

စစ်ကိုင်းတံတားပေါ်မှာ ရထားတစ်စီး မီးလောင်မှုဖြစ်

ဖေဖော်ဝါရီ(၁၄) AlinnMyay(အလင်းမြေ) စစ်ကိုင်း – မန္တလေး အင်းဝတံ တားပေါ်မှာ ဖေဖော်ဝါရီ(၁၄)ရက် ညနေ(၆)နာရီခွဲကျော် အချိန့်ခန့်တွင် မန္တလေး-မြစ်ကြီးနား လူစီးစာပို့ရထားသည် ဘရိတ်တွဲကနေ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မန္တလေးဘူတာကနေ ဖေဖော်ဝါရီ ၁၄ ရက် ညနေ(၆)နာရီခန့်က ထွက်ခွါလာခဲဲ့တဲ မြစ်ကြီးနား အမှတ်(၄၁)အဆန် လူစီးစာပို့ရထားဟာ အင်းဝတံတား(စစ်ကိုင်း) အလယ်ရှိ ကုန်းငါးကုန်းမြောက်နဲ့ ခြောက်ကုန်းမြောက်အရောက်တွင် မန္တလေးဘက်အခြမ်းက ရထားရဲ့နောက်ဆုံးတွဲ ၁၁တွဲမြောက်(ကုန်ပါဘရိတ်တွဲ)မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တွဲသုံးတွဲမီးလောင်ကျွမ်းခဲ့ပါတယ်။ မီးရထားမီးလောင်မှုဖြစ်ပွားရာကို […]

NEWS

(၈၈)နှစ်အရွယ် ကျောင်းဆရာမကြီးအိမ် မီးလောင်းရာ စုဆောင်းထားငွေ(၄၇)သိန်း မီးလောင်ပျက်စီး

အသက်(၈၈)နှစ်အရွယ်ရှိ ကျောင်းဆရာမကြီး၏ နေအိမ် မီးလောင်းရာ စုဆောင်းထားငွေ(၄၇)သိန်း မီးလောင်ပျက်စီး ရန်ကုန်၊ဖေဖော်ဝါရီ-၁၄ မြင်းခြံမြို့၌ နေထိုင်သည့် အသက်(၈၈)နှစ်အရွယ်ရှိ ကျောင်းဆရာမကြီး၏ နေအိမ် မီးလောင်ခံရ၍ စုဆောင်းထားငွေ(၄၇)သိန်း မီးလောင်ပျက်စီးသွားကြောင်း ဆရာမကြီး၏ တပည့်ဖြစ်သူ ဦးချင်းကိုကိုကပြောပါတယ်။ ဖြစ်စဉ်မှ ဖေဖော်ဝါရီ(၁၃)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်၌ မြင်းခြံမြို့၊အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပေါ်ရာ ဆရာမကြီးနေထိုင်သည့် နေအိမ်ကို မီးကူးဆက် လောင်ကျွမ်းခဲ့ပါတယ်။မီလောင်နေချိန်၌ အနီးရှိ ဘော်ဒါမှ ကျောင်းသူ/ကျောင်းသားများမှ ကူညီမှုကြောင့် အသက်ရှင်ခွင့်ရရှိခဲ့ပါတယ်။ အဆိုပါ မီးလောင်ရာရပ်ကွက်ကို မီးသတ်မှ […]

KNOWLEDGE

Valentine Day ရဲ့သမိုင်းကြောင်း ( သို့ ) Valentine Day ကိုဖြစ်ပေါ်လာစေခဲ့တဲ့ ရောမဘုန်းကြီးရဲ့ကြေကွဲစရာဖြစ်ရပ်

နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အမေရိကန် နဲ့ အခြားသောနိုင်ငံတွေမှာ ချစ်ခင်ရသူတွေအချင်းချင်း သကြားလုံးတွေ ချောကလက်တွေ ပန်းစည်းတွေ ပေးကြပါတယ်။ ဒါပေမယ့် ဒီ Valentine Day ရဲ့ အဓိပါ္ပယ်က ဘာလဲ ? ဘယ်ကနေ ဆင်းသက်လာတာလဲ ? အခု ရှာကြည့်ရအောင်ပါ။ ဖေဖော်ဝါရီလဟာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ လတစ်လဖြစ်တာကို ကျွန်တော်သိကြပါတယ်။ ဒါပေမယ့် St.Valentine Day လို့ခေါ်တဲ့ Valentine […]

NEWS

မန္တလေး ရတနာပုံသဘော်ကျင်း ဝင်းအတွင်း မီးလောင်မှုဖြစ်ပေါ်

ဖေဖော်ဝါရီ(၁၄) AlinnMyay(အလင်းမြေ) မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အကွက်(၃၈၁)၊ ၄၀၄၁လမ်းကြား၊ ၉၃လမ်းကမ်းနားလမ်း၊ ရတနာပုံသဘော်ကျင်းဝင်းအတွင်း မီးလောင်မှုဖြစ်ပေါ်ခဲ့ပါတယ်။ ဦးကျော်မျိုးနိုင်ပိုင်ဆိုင်တဲ့ဓနဖြိုး ၁၅၃၂၁ ပုဂ္ဂလိက ကုန်တင် ရှပ်ပြေးရေယာဉ်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့တာကြောင့်မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တိုင်ဦးစီးမှူးဦးသန်းဇော်ဦးနဲ့အတူ မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မွန်လတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆွေမဟာအောင်မြေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းနိုင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနို်င်မြို့နယ်မီးသတ်ဦးစီးမှူးဦးညွန့်ဝင်းအောင်နဲ့မီးသတ်တပ်ဖွဲ့ဝင် သန္တေ(၂၀)အရန်(၁၀၀)ဦးတို့နဲ့၊ Level ( 1)၊စေလွှတ်ပြီးမီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ အခုလိုမီးလောင်မှုကြောင့်ဆုံးရှုံးမှုတန်ဘိုးမှာဆီဂါလံ(၃၀) တန်း(၁၂၀၀၀၀)၊ကိုပိုတာစက်(၃၀၀၀၀)စုစုပေါင်းတန်ဘိုး(၁၅၀၀၀၀)ကျပ်ဖြစ်ဖြစ်ပြီးမီးပေါ့ဆစွာသုံးစွဲသူဦးကျော်မျိုးနိုင်ကို အမှတ် ၇ စခန်းက ပုဒ်မ ၂၈၅ နဲ့ အရေးယူဆောင်ရွက်ထားပါတယ်။ မန္တလေးရင်ခတ်သံ #AlinnMyay(အလင်းမြေ) […]

NEWS

ပြည်ထောင်စုနေ့မှာ ဘေထုတ်ရောင်းသည့် စျေးသည် ငွေကျပ် ၁၅ သိန်း အခိုးခံရ

ဖေဖော်ဝါရီ(၁၄) AlinnMyay(အလင်းမြေ) တောင်ငူမြို့ ၊ ခရိုင်းအားကစားကွင်းအတွင်း ၊ ဘေထုတ် အကျီ င်္များရောင်းချ သော စျေးသည် တစ်ဦး ငွေကျပ် ၁၅ သိန်း ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းက အခိုးခံခဲ့ရကြောင်း ပျောက်ဆုံးသူ အမျိုးသမီးထံမှ သိရပါတယ်။ “ကျမ မန္တလေးဘက်က လာရောင်းတာပါ ၊ ပြည်ထောင်စုနေ့ ပွဲလာရောင်းရင်း အဲ့ဒီနေ့ မနက်ပိုင်းက ငွေကျပ် ၁၅ သိန်း ထည့်ထားသည့် […]