
Mask ထဲကနေ မူးယစ်ဆေးဝါးထည့်သယ်တဲ့ဖြစ်ရပ်
နှာခေါင်းစည်း (Mask)အတွင်း မူးယစ်ဆေးဝါးများ သိုဝှက်သယ်လာသူကို ကသာခရိုင်၊ အင်းတော်မြို့နယ် ကိုဗစ် ရောဂါ ကျန်းမာရေးစစ်ဆေးမှုဂိတ်တွင်မေလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဖမ်းမိခဲ့သည်။ မန္တလေး-မြစ်ကြီးနားသွားလမ်း အင်းတော်မြို့နယ်၊ နတ်မဟုတ်ကျေးရွာအနီး ၅ ဖာလုံခန့် ရှိ ကိုဗစ် စစ်ဆေးရေးဂိတ်တွင် ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ သယ်ဆောင်လာသူမှာ နတ်မဟုတ်ရွာနေ အသက် ၃၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နှာခါင်းစည်းအတွင်း 3CC ဆေးထိုးပိုက် နှစ်ခုအတွင်း မူးယစ်ဆေးများထည့်သယ်လာခဲ့ခြင်းဖြစ်သည်၊ […]