
လယ်မြေအငြင်းပွားမှုကိစ္စဖြင့် စကားများရန်ဖြစ်ရာမှလူသတ်မှုဖြစ်ပွား
မေ (၆) AlinnMyay(အလင်းမြေ) ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မဘီးကျေးရွာအစပ် လယ်ကွင်းတွင် မေ၅ရက် ည၆နာရီဝန်းကျင် အချိန်က လယ်လုသည်ကိစ္စဖြစ် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ထိုးဝါးစိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမြင့်မှ ဖုန်းဆက်အကြောင်းကြားလာသဖြင့် (နတ်သံကွင်း)နယ်မြေစခန်းမှ စခန်းမှူး ရဲအုပ် စိန်သောင်းဦးစီးနှင့်အဖွဲ့ သည်အခင်းဖြစ်ရပ်သို့သွားရောက်စစ်ဆေးရာ ရွှေကျင်မြို့နယ် မဘီးကျေးရွာအနီး လယ်မြေသို့ ကျောက်ကြီးမြို့နယ်၊ ထိုးဝါးစိုက်ကျေးရွာနေ ဦးဝင်းခင်၊ စိုးမင်းထိုက်၊ ရဲမင်းစိုး၊ ဦးထွန်းထွန်း၊ ရဲမင်းလတ်နှင့် သက်ကိုဟိန်း(လယ်လုပ်သူ)တို့ သွားရောက်ခဲ့ရာ တစ်ရွာတည်းနေ […]