
ကိုဗစ်ဂျူတီကနေပြန်လာတဲ့ ကိုယ်ဝန်သည်သူနာပြုမလေးကို တရားမဝင်ရွှေ့ပြောင်းလုပ်သားက အဓမ္မကျင့်
ကိုယ်ဝန်လွယ်ထားရတဲ့ သူနာပြုဆရာမလေးတစ်ဦးဟာ ကိုဗစ်ဂျူတီကနေ ပြန်လာစဉ်မှာပဲ တရားမဝင် ရွှေ့ပြောင်းလုပ်သားတစ်ဦးက အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် အဓမ္မကျင့်တာကို ခံခဲ့ရပါတယ်။ အဆိုပါ သူနာပြုမှာ အသက်(၄၈)နှစ် ဖြစ်ပါတယ်။ သူမဟာ Naples မြို့က ဆေးရုံတစ်ခုကနေ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေက တာဝန်ပြီးဆုံးလို့ ဘက်စ်ကားစောင့်ဆိုင်းနေစဉ်း ညနေပိုင်း (၃)နာရီလောက်မှာ တရားမဝင်လုပ်သားတစ်ဦးရဲ့ အဓမ္မကျင့်ခြင်းကို ခံခဲ့ရတာပါ။ အမည်မဖော်လိုသူ သူနာပြုဆရာမထံကို La Repubblica သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူမက ” […]