
ဒီအချက်တွေဖြစ်နေရင် သင်ဟာ စိတ်ရောလူပါပင်ပန်းနေပြီမို့ ခဏလောက်အနားယူသင့်ပါတယ်
လူတွေဟာ ဘဝရည်မှန်းချက်တွေကိုယ်စီရှိကြပြီး အဲ့ဒီရည်မှန်းချက်တွေအောင်မြင်အောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် တခါတရံမှာ ဘာဆိုဘာမှမလုပ်ချင်၊ရှေ့မဆက်ချင်တော့ဘဲ ပင်ပန်းနွမ်းနယ်နေတဲ့အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ အဲ့ဒီလိုအချိန်မှာ စိတ်ရောလူပါ ပင်ပန်းနေတတ်ပြီး အခုလိုလက္ခဏာတွေ ဖြစ်နေတတ်ပါတယ် …။ (၁) ရည်မှန်းချက်ပျောက်နေတယ် ပုံမှန်အတိုင်းကြိုးစားနေရင်းက ဘာအတွက်ကြိုးစားရမှန်းမသိတော့ဘဲ ရည်မှန်းချက်တွေဝေဝါးလာနေတယ်။ ရှေ့ဆက်ပြီး ကိုယ်ဘာဖြစ်ချင်မှန်းမသိတော့သလို၊ ဘာမှလည်းဆက်မလုပ်ချင်တော့တာမျိုးပေါ့။ ကိုယ်လုပ်နေတာတွေက အဓိပ္ပါယ်မရှိဘူးလို့ ထင်နေတာမျိုး။ အဲ့ဒါက စိတ်ရောလူပါ ပင်ပန်းနေတာကြောင့်ပဲ ဖြစ်ပါတယ် …။ (၂) ဘာခံစားချက်မှမရှိဘူး နေ့စဉ်နဲ့အမျှ စိတ်ခံစားချက်မရှိတဲ့သူတစ်ယောာက်လိုဖြစ်နေပြီး […]