အမှု့ဖြစ်စဉ်မှာ ၂.၇.၂၀၂၀ ရက်သန်းခေါင်ကျော်၁နာရီ၊၃.၇.၂၀၂၀ရက်နံနက်၁နာရီခန်ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ လွယ်ဂျယ်နဲ့ မန်ဝိန်းကြီးကြား မြန်မာ-တရုတ်နယ်စပ်ဂိုင်ဒေါ် ကျေးရွာထဲမှာနေထိုင်တဲ့မိ သားစုဝင်(၅)ဦးဟာဓားဒဏ် ရာများစွာနှင့်အသတ်ခံရကြောင်းသတင်းအရ၎င်းနေရ သည်K.I.Oအဖွဲ့အစည်းထိန်းချုပ်ဒေသဖြစ်သောကြောင့်အဖွဲ့အစည်းမှတာ၀န်ရှိသူများကသွားရောက်စစ် ဆေးကြည့်ရှု့ရာ သေဆုံးသူတွေဟာအသက်၇၀အရွယ်ဒေါ်ယမ်ထု၊ဦးယာကုလဇိန်တန်ဂွန်း၊ဒေါ်မော်ရိန်းဆွမ်လွတ်ထုနန်၊ မောင်လဇိန်ဆန်လီနော်၊ မောင်လဇိန်ဒွဲဆန်အောင်တို့၅ဦးနေအိမ်အတွင်ဓားဒဏ်ရာများဖြင့်သေဆုံးနေကြသည်အဆိုပါဖြစ်စဉ်တွင်အသက်၁၃နှစ်အရွယ်ကလေးငယ်တစ်ဦးသာလွတ်မြောက်ခဲ့ပြီးကျန်မိသားစုများအသတ်ခံခဲ့ရခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့အနေဖြင့်ကေအိုင်အေကေအိုင်အေအဖွဲ့၏ထိန်းချုပ်မှုနယ်မြေဖြစ်ခြင်းကြောင့်နယ်မြေလုံခြုံရေးအခြေအနေအရရဲလုပ်ငန်းဆောင်ရွက်ရန်အခက်အခဲရှိနေကြောင်းသိရှိရပြီး သေဆုံးသူများကို ဒိန်စီတိုက်နယ် တာဝန်ခံဘုန်းတော်ကြီးRev.FrSundayAung၊ပန်ခတ်တိုက်နယ် တာဝန်ခံဘုန်းတောကြီးRev.FrPaulLahpaiAungDangနှင့်ဓမ္မဆရာများသွားရောက်ဆုတောင်းပေးခဲ့ပြီး၃.၇.၂၀၂၀ရက်နေ့ကမီးသဂြိုလ်ပေးခဲ့သည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်နေရာသည်မန်စီမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့်ရဲလုပ်ငန်းဆက်လက်ဆောင်ရွက်ရန်အခက်အခဲဖြစ်နေရပြီးကာယကံရှင်မိသားစုဝင်များကလည်းလာရောက်တိုင်ကြားအမှုဖွင့်လှစ်ခြင်းမရှိသေးကြောင်းသိရသည်။ KIOထိန်းချုပ်နယ်မြေကတာ၀န်ရှိသူများကဖြစ်စဉ်နှင့်ပါတ်သက်ပြီးမိသားစုငါးဦးအသတ်ခံရတဲ့အမှု့ကျုးလွန်တယ်လို့သံသယရှိသူရွာသားနှစ်ဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ကချင်လွတ်လပ်ရေတပ်မတော်(KIO)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောကြားကာ ၎င်းတို့မှာDashiTuRing (၃၇) နှစ်နှင့်ShamNaw(၃၁)နှစ်တို့ကိုအဲဒီအခင်းဖြစ်ပြီးနာရီပိုင်းအကြာမှာမသင်္ကာသူအသက် (၄၀)နှစ်ခန့်အရွယ်ရွာသား ၂ဦးကိုKIOအုပ်ချုပ်ရေးအဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပြီးအမှု့ကိုအမှန်တရားပေါ်ပေါက်ရေးအတွက်စစ်ဆေးနေကြောင်း ဗိုလ်မှူးကြီးနော်ဘူထံကသိရှိရသည်။ ဇော်၀င်းအောင်(ကချင်မြေ)S .H ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်