
ကျောက်မဲတွင် ဗလီဝတ်ပြုကျောင်းအတွင်း ဓါးထိုးမှု ဖြစ်ပွား
ကျောက်မဲ၊ ဇူလိုင် ၂၄/၂၀၂၀ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့တွင် ယနေ့ ဇူလိုင် ၂၄ရက်နေ့ နံက်ပိုင်းက အစ္စလာမ်ဘာသာဝင် တို့ ဘာသာရေးဝတ်ပြုရာနေရာ ဗလီအတွင်း ဓါးထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ကျောက်မဲမြို့ အမှတ် ၃ ရပိကွက်၊ ပဉ္စသီလမ်းတွင်တည်ရှိသော ဗလီအတွင်း၌ အစ္စလာမ် ဘာသာဝင်တို့ဝတ်ပြုရန်အချိန်၌ ဗလီဆရာ အဖြစ်တာဝန်ယူထမ်းဆောင်နေသော ဇော်မင်း(ခ) တွာဟေးအား ကျောက်မဲမြို့၊ အမှတ် […]