NEWS
ပထော်ကျေးရွာက အမျိုးသားတစ်ဦး ဒေသခံတွေအဆိုအရ မိကျောင်းဝင်ပူး
တောင်ပိုင်းသား သတင်းအေဂျင်စီ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာမှာရှိတဲ့ “ရှင်မကန်” အဆောက်အဦးမှာ ဓလေ့အရ အုန်းငှက်ပျောပွဲ လာရောက်ဆက်သတဲ့ အမျိုးသမီး နှစ်ဦးကို အဆိုပါ နေရာအနီးနားမှာ သုဿာန် အုတ်ဂူလုပ်ဖို့ ခြုံနွယ်ရှင်းလင်းနေတဲ့ ပန်းရံ လုပ်သားတစ်ဦးက နှုတ်နဲ့ စနောက်ခဲ့ပြီးတဲ့နောက် မိကျောင်းပုံသဏ္ဍာန် တွားသွားနေတဲ့ပုံမျိုး ဖြစ်ပေါ်ခဲ့လို့ ဒေသခံတွေက မှတ်တမ်းရိုက်ယူခဲ့တာပါ။ ဇူလိုင်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီလို အုန်း ငှက်ပျောပွဲ လာရောက်ဆက်သတဲ့ အမျိုးသမီး ၂ […]
NEWS
ချစ်သူလမ်းကြားသွားမည့်သူများသတိထားပါ
NEWS
အဓမ္မပြုကျင့်သူအား ဥပဒေအရ တိကျမှန်ကန်စွာ အရေးယူပေးရန် တောင်းဆို
“ဒီလောက် ကလေးအပေါ် အကြိမ်ကြိမ်စော်ကားထားတာ။ အိမ်မှာလာပြီး ညှိနှိုင်းကြတယ်။ တခုပဲပြောချင်တယ်။ သားသမီးခြင်း ကိုယ်ချင်းစာစေချင်တယ်။ လူမဆန်တဲ့လုပ်ရပ်ကို ဥပဒေအရ မှန်မှန်ကန်ကန် အပြစ်ပေးဖို့ပဲ တောင်းဆိုချင်တယ်။”လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ဆန်းဦးက “အဲဒါကတော့ လဝက အိမ်ထောင်စုစာရင်းအရ သူက အသက်ကမပြည့်ဘူးဖြစ်နေတယ်။ စိစစ်တွေ့ရှိအရ စာရွက်စာတမ်းအထောက်အထားနဲ့ တင်တဲ့အခါကျတော့ အသက်က မပြည့်သေးဖြစ်နေတယ်” လို့ ပြောပါတယ်။ အမှုကို တရားစွဲတင်ခဲ့တဲ့နောက် မြို့နယ်တရားရုံးက အသက်မပြည့်သေးတဲ့အတွက် အာမခံပေးတာဖြစ်ပြီး အာမခံပေးတာက တရားရုံးအပိုင်ဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက […]
NEWS
စိတ်ဆိုးပြီးဆင်းလာသူသမက်ကိုယောက္ခမက ဓားနှင့်ခုတ်သတ်
ဇူလှိုင် ၂၆ ၂၀၂၀။ အမှုဖြစ်စဉ်မှာ၂၆.၇.၂၀၂ဝရက်နံနက်ရနာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ကျောက်တခါးမြို့နယ်၊ ပဲနွယ်ကုန်းရဲစခန်းအရှေ့ဘက်(၃)မိုင်(၄)ဖာလုံခန့်အကွာ ပဲနွယ်ကုန်းမြို့၊ဇရပ်ခင်ကျေးရွာအုပ်စု ၊အောက်တဲစုကျေးရွာတွင်လူတစ်ဦး ဓားခုတ်ဒဏ်ရာဖြင့်သေဆုံးနေကြောင်းဦးဌေးအောင်၊ အုပ်ချုပ်ရေးမှူး၊ဇရပ်ခင်ရွာသစ်ကျေးရွာအုပ်စုနေသူက ဖုန်းဖြင့်ဆက်သွယ်သတင်းပေးချက်အရ ရဲအုပ်မင်းဇော်၊ဒုရဲအုပ်အောင်ကျော်ဖြိုးဦးစီး(၂+၈)ဦး အဖွဲ့သည်သက်သေဦးဌေးအောင်၊ဦးဝင်းသိန်း၊၊ရာအိမ်မှူး၊ဇရပ်ခင်ကျေးရွာအုပ်စုနေသူတို့နှင့်အတူအခင်းဖြစ်အရပ်သို့သွားရောက်စစ်ဆေးရာသေဆုံးသူမှာအာကာစိုး(၃၃)နှစ်၊ကျဘမ်းလုပ်၊ဇရပ်ခင်ရွာဟောင်း/ဇရပ်ခင်ကျေးရွာအုပ်စုအုပ်စု(အဘအမည်စုံစမ်းဆဲ)၊ ပဲနွယ်ကုန်းမြို့နေသူဖြစ်ကြောင်းသိရှိရပြီးဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာလွန်ခဲ့သောရက်(၂၀)ခန့်ကမသက်ထားဦးနှင့်စကားများ၍ဇရပ်ခင်ကျေးရွာရှိနေအိမ်မှ အောက်တဲစုကျေးရွာရှိဖခင်ဖြစ်သူဦးရွှေဘ(၅၄)နှစ်၊ ကျဘမ်လုပ်သူ၏နေအိမ်သို့ဆင်းသွားကြောင်း၊ ခင်ပွန်းဖြစ်သူကိုအာကာစိုးသည်ဦးရွှေဘနေအိမ်တွင် လည်ပင်းဓါးခုတ်ရာဒဏ်ရာများဖြင့်သေဆုံးနေကြောင်း ရာအိမ်မှူးဦးဝင်းသိန်းကနေအိမ်သို့ရောက်ရှိလာပြီး ပြောပြသဖြင့်သိရှိခဲ့သောကြောင့်ခင်ပွန်းဖြစ်သူ အာကာစိုးကိုအသက်သေဆုံးအောင်ဓားဖြင့်ခုတ်သူအမည်မသိ(စုံစမ်းဆဲ)အားဥပဒေအရအရေးယူပေးပါရန် (၂၆.၇.၂၀၂၀)ရက်နံနက်၈နာရီခွဲအချိန်တွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာပဲနွယ်ကုန်း နယ်မြေရဲစခန်း(ပ)၁၅၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်ဆောင်ရွာထားရှိကာ အမှုအားရဲအုပ်မင်းဇော်မှလက်ခံစစ်ဆေးလျှက်ရှိပြီး တရားလိုနှင့်သက်သေများစစ်ဆေးခြင်း၊အခင်းဖြစ်အရပ်စစ်ဆေးခြင်း၊မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း ၊မြေပုံကြမ်းရေးဆွဲခြင်း၊ အမှုမှသေဆုံးသူကိုအာကာစိုးအားရဲဆေးစာဖြင့်ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာပြစ်မုှကျူးလွန်သူဖမ်းဆီးရမိစေရေးအတွက်အနီးပါတ်ဝန်းကျင်ရှိသက်သေဦး….(၄၂)နှစ်၊ ကျဘမ်းလုပ်၊အောက်တဲစုကျေးရွာ၊ဇရပ်ခင်ကျေးရွာအုပ်စုနေသူအားစစ်မေးရာ၂၆.၇.၂၀၂ဝရက်၆နာရီခွဲအချိန်ခန့်၌နေအိမ်တွင်ရှိနေစဉ် ၎င်းနေအိမ်နှင့် (၂)အိမ်ကျော်တွင်နေထိုင်သောရွှေဘ(ခ)စိုးသိန်း(၅၄)နှစ်၊ကျဘမ်းလုပ်သူမှရောက်ရှိလာ ပြီး၎င်း၏ သားမတ်တော်စပ်သူကိုအာကာစိုး(၃၃)နှစ်၊ကျဘမ်းလုပ် […]
NEWS
အရက်အတူသောက်ပြီး စကားများရန်ဖြစ်ကာ ဓါးနှင့်ခုတ် သဖြင့် လက်ကောက်ဝတ်ပြတ်ထွက်
အင်းစိန်၊ ဇူလိုင် ၂၆/၂၀၂၀ ဝက်ပေါ်နေသည့် နေရာ၌ အရက်အတူသောက်ပြီး စကားများရန်ဖြစ်ကာ ဓါးဖြင့်ခုတ်၍ ဓါးနှင့်ထိုးခဲ့မှု ယနေ့ ဇူလိုင် ၂၆ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန် မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ကမ်းနား အ‌နောက်ရပ်ကွက်၊ ပတ္တမြားလမ်း၌ ယနေ့ ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက ဝက်ပေါ်‌နေစဉ် အရက်အတူ သောက်ရာမှ စကားများရန်ဖြစ်ကာ ထက်ဦးမှ ဓါးနှင့် ခုတ်သဖြင့် ဝဲလက်ကောက်ဝတ်ပြတ်ထွက်စဉ် ထွန်းလင်းက […]
NEWS
အိမ်ဖော်မလေးကို လောဘတွေကြားမှာ မနစ်မွှန်းပါစေနဲ့လို့ ဆုံးမလိုက်တဲ့ မင်းရာဇာ
အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် စွဲဆိုထားသည့် သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးအမှုတွင် ယနေ့ (ဇူလိုင် ၂၂ ရက်) ရှစ်ကြိမ်မြောက်ရုံးချိန်းအထိ တရားလို ဘက်မှ လာရောက်ခြင်းမရှိ၍ အမှုစစ်ဆေးနိုင်ခြင်း မရှိကြောင်း သိရသည်။ အဆိုပါအမှုတွင်သရုပ်ဆောင်မင်းရာဇာ၊ ၎င်း၏ ဇနီး မဖူးငုံပွင့်နှင့် ယာဉ်မောင်းဖြစ်သူ အောင်လွင်စိုးတို့အား ပုဒ်မ-၃၂၆/၃၄ (‌ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု ၊ အကြံတူတစ်ခုကို အထမြောက်အောင်ပြုခြင်း) ဖြင့် မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ တရားစွဲဆို ထားခြင်းဖြစ်သည်။ ယနေ့ရုံးချိန်းအပြီးတွင် […]