NEWS

မြောက်ဦးမြို့နားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေ တို့ တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နားမှာ ရက္ခိုင့်တပ်တော် အေအေ နဲ့ တပ်မတော်တို့ ဒီနေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းမှာတော့ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။ရခိုင်ပြည်နယ် မြောက်ဦးမြို့ရဲ့ မြောက်ဘက် တစ်မိုင်ဝန်းကျင်လောက်အကွာ တောင်ဖြူဆည်ဝန်းကျင်မှာ ရက္ခိုင့်တပ်တော် အေအေ နဲ့တပ်မတော်တို့ ဒီနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညနေ ၂ နာရီကျော်လောက်မှာတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ အနီးနားဝန်းကျင် တောင်ကြောတွေကို တပ်မတော်က ရဟတ်ယာဉ်နှစ်စီးသုံးပြီး လာရောက်တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို […]

NEWS

အနံ့ထွက်လာလို့ရှာကြည့်တော့အလောင်းကိုတွေ့တာပါ။ အလောင်းက အရိုးစုဖြစ်နေပြီ

သေနတ်ဖြင့်ပစ်သတ်ခံရသည့် ချိန်ခါလီရွာသားအလောင်း အိမ်သာတွင်းထဲပြန်တွေ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှာ ရွာသားတစ်ဦးကို တပ်မတော်သားသုံးဦးက သေနတ်နဲ့ပစ်သတ်လို့သေဆုံးသွားခဲ့ပြီး ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းကို ၁၉ ရက်ကြာပြီးနောက် ဒီနေ့မနက်က အိမ်သာတွင်းထဲမှာ ပြန်တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဇူလိုင် ၃၁ ရက် ဒီမနက် ၈ နာရီအချိန်မှာ အပုပ်အနံ့ရလာတာကြောင့် လိုက်ရှာကြည့်ရာမှာ ပျောက်ဆုံးနေတဲ့ ဦးထွန်းမောင်စိန် (၆၀) နှစ်ရဲ့ရုပ်အလောင်းကိုအိမ်သာတွင်းထဲမှာ ပုပ်ဆွေးနေတာကို မိသားစုဝင်တွေကတွေ့မြင်ခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။ […]

NEWS

သီဟတင်စိုးအပေါ် လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူခင်မာမြင့်တို့အမှု အမိန့်ချမှတ်လိုက်ပြီ

သီဟတင်စိုးအပေါ် လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ၇ နှစ်ချမှတ် သရုပ်ဆောင်သီဟတင် စိုးက အဓမ္မပြုကျင့်သည်ဟုဆိုကာ လိမ်လည်တိုင်တန်းခဲ့သလို လျော်ကြေး တောင်းခံခဲ့မှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထား သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ခုနစ်နှစ်ကျခံရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ယမန်နေ့တွင် အမိန့်ချခဲ့ကြောင်း သိရသည်။ အိမ်အကူခင်မာမြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ပုဒ်မ ၂၁၁ (နစ်နာစေရန်ရည်ရွယ် ၍ ပြစ်မှုကျူးလွန်သည်ဟု မမှန် မကန်စွပ်စွဲခြင်း) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ […]

NEWS

ကျွဲပွဲမြို့တွင်မုဒိန်းမှု့ဖြစ်ပွားခဲ့ကြောင်းသိရ

အုတ်တွင်းမြို့နယ် ဇူလိုင်လ(၃၀) အုတ်တွင်းမြို့နယ်၊ကျွဲပွဲမြို့အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သူ အိမ်ရှင်ဒေါ်ပြုံးတင်(၆၇)ရှိမုတ်ဆိုးမတဦးမွေးစားထားသောမ————–အသက်(၁၃)နှစ်၊(ဘ)ဦးအောင်နိုင်သမီးဖြစ်သူအားအိမ်ငှါးဖြစ်သူ ထွန်းစစ်နိုင်အောင်(၃၇)နှစ်(ဘ)ဦးသန်းရွှေ၏သားဖြစ်သူမှအလိုမတူဘဲကာမပြုကျင့်ခဲ့သည်ဟုတိုင်တန်းချက်အရကျွဲပွဲပြည်သူ့ရဲစခန်းမှအမှု့ဖွင့်အရေးယူဆောင်ရွက်ထားကြောင်းဇူလိုင်လ(၃၁)ရက်နေ့နံနက်တွင်သိရှိရသည် “ခလေးမလေးနဲ့သူ့ရဲ့မွေးစားအမေတို့ကဆငး်ရဲကြပါတယ်စျေးလေးရောင်းစားနေကြတာပါခလေးမလေးကိုတော့ရပ်ကွက်ကကူညီဆောင်းမပေးနေတာပါကျွန်တော်တို့ဘက်မှာဒီလိုအဖြစ်မျိုးမကြားဘူးလို့ရပ်ရွာနေသူတွေကဒီကောင်ကိုမကျေနပ်ကြပါဘူးဒီကောင်တွေလင်မယားနှစ်ယောက်ကအခင်းဖြစ်တဲ့အိမ်မှာငှါးနေကြတာရက်(၂၀)ဘဲရှိပါသေးတယ်ဒီအမှု့ကိုမှန်မှန်ကန်ကန်နဲ့အမြန်ဆုံးဆောင်ရွက်ပေးဘို့လိုလားပါတယ်ဟု”တာဝန်ခံယာအိမ်မှူးဦးတင်ဝင်းအောင်မှပြောသည် “ဖြစ်တဲ့နေ့ကရဲတွေနဲ့ဒီကောင်ကိုလက်ထိပ်ခတ်ပြီးဖြစ်တဲ့နေရာကိုပြခိုင်းဘို့ခေါ်ဆောင်လာတာတွေ့ရပါတယ်၊လုပ်တဲ့အကောင်ကိုတော့မရင်းနှီးပါဘူးတခြားတနေရာကနေပြောင်းလာပြီးငှါးနေတာပါ”ဟုအနီးအနားနေပြည်သူများမှပြောသည်ဇ ဇူလိုင်လ(၂၅)ရက်နေ့နံနက်(၇)နာရီခန့်မှာဒေါ်ပြုံးတင်နှင့်အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်တို့ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ကြောင်း၊ပြုကျင့်သူမှလည်းဝန်ခံခဲ့ကြောင်းထိုနေ့မှာဘဲရီမာန်ယူချုပ်နှောင်ထားကြောင်းကိုလည်းသိရှိရသည် ကျွဲပွဲပြည်သူ့ရဲစခန်းအမှု့စစ် ရဲအုပ် သန်းလှိုင်ဝင်းမှ(ပ)၄၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ(၃၇၆)ဖြင့် ထွန်းစစ်နိုင်အောင်အားဥပဒေအရအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့်ဆေးစာအားနှစ်ဦးအတွက်ပေးပို့ထားပြီးပြီဖြစ်ကြောင်းစခန်းတာဝန်ရှိသူထံမှသိရသည်။ ဆိုရှယ် ကျွဲပွဲမြို့တွင်မုဒိန်းမှု့ဖြစ်ပွားခဲ့ကြောင်းသိရ အုတ်တွင်းမြို့နယ် ဇူလိုင်လ(၃၀) အုတ်တွင်းမြို့နယ်၊ကျွဲပွဲမြို့အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သူ အိမ်ရှင်ဒေါ်ပြုံးတင်(၆၇)ရှိမုတ်ဆိုးမတဦးမွေးစားထားသောမ————–အသက်(၁၃)နှစ်၊(ဘ)ဦးအောင်နိုင်သမီးဖြစ်သူအားအိမ်ငှါးဖြစ်သူ ထွန်းစစ်နိုင်အောင်(၃၇)နှစ်(ဘ)ဦးသန်းရွှေ၏သားဖြစ်သူမှအလိုမတူဘဲကာမပြုကျင့်ခဲ့သည်ဟုတိုင်တန်းချက်အရကျွဲပွဲပြည်သူ့ရဲစခန်းမှအမှု့ဖွင့်အရေးယူဆောင်ရွက်ထားကြောင်းဇူလိုင်လ(၃၁)ရက်နေ့နံနက်တွင်သိရှိရသည် “ခလေးမလေးနဲ့သူ့ရဲ့မွေးစားအမေတို့ကဆင်းရဲကြပါတယ်ဈေးလေးရောင်းစားနေကြတာပါခလေးမလေးကိုတော့ရပ်ကွက်ကကူညီဆောင်းမပေးနေတာပါကျွန်တော်တို့ဘက်မှာဒီလိုအဖြစ်မျိုးမကြားဘူးလို့ရပ်ရွာနေသူတွေကဒီကောင်ကိုမကျေနပ်ကြပါဘူးဒီကောင်တွေလင်မယားနှစ်ယောက်ကအခင်းဖြစ်တဲ့အိမ်မှာငှါးနေကြတာရက်(၂၀)ဘဲရှိပါသေးတယ်ဒီအမှု့ကိုမှန်မှန်ကန်ကန်နဲ့အမြန်ဆုံးဆောင်ရွက်ပေးဘို့လိုလားပါတယ်ဟု”တာဝန်ခံယာအိမ်မှူးဦးတင်ဝင်းအောင်မှပြောသည် “ဖြစ်တဲ့နေ့ကရဲတွေနဲ့ဒီကောင်ကိုလက်ထိပ်ခတ်ပြီးဖြစ်တဲ့နေရာကိုပြခိုင်းဘို့ခေါ်ဆောင်လာတာတွေ့ရပါတယ်၊လုပ်တဲ့အကောင်ကိုတော့မရင်းနှီးပါဘူးတခြားတနေရာကနေပြောင်းလာပြီးငှါးနေတာပါ”ဟုအနီးအနားနေပြည်သူများမှပြောသည်ဇ ဇူလိုင်လ(၂၅)ရက်နေ့နံနက်(၇)နာရီခန့်မှာဒေါ်ပြုံးတင်နှင့်အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်တို့ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ကြောင်း၊ပြုကျင့်သူမှလည်းဝန်ခံခဲ့ကြောင်းထိုနေ့မှာဘဲရီမာန်ယူချုပ်နှောင်ထားကြောင်းကိုလည်းသိရှိရသည် ကျွဲပွဲပြည်သူ့ရဲစခန်းအမှု့စစ် ရဲအုပ် သန်းလှိုင်ဝင်းမှ(ပ)၄၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ(၃၇၆)ဖြင့် ထွန်းစစ်နိုင်အောင်အားဥပဒေအရအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့်ဆေးစာအားနှစ်ဦးအတွက်ပေးပို့ထားပြီးပြီဖြစ်ကြောင်းစခန်းတာဝန်ရှိသူထံမှသိရသည်။ ဆိုရှယ်