NEWS
ကျွန်တော့်အမျိုးသမီးအခြေအနေ မကောင်းဘူးဟု မင်းရာဇာဆို(ရုပ်သံ)
“သူတို့ဘက်က ရုံးချိန်းတွေလည်းမလာဘူးဗျာ..ကျွန်တော်တို့ကိုထောင်ထဲမှာအကြာကြီးနေလို့ရ အောင် လုပ်လို့ရတဲ့ ဘက်က နေသူတို့လုပ်မှာပေါ့”ဟု မင်းရာဇာကဆိုသည်။ “အမျိုးသမီးအခြေအနေနဲ့ပတ်သက်ပြီး ကျနော့်အမျိုးသမီး သိပ်နေမကောင်းဗျ၊ တစ်ချို့စာနယ်ဇင်းတွေ မီဒီယာတွေကရေးနေကြတာ တွေ့မှာပါ၊ သူတို့က တရားသူကြီးနဲ့ ကျနော်တို့ထက်ပိုသိနေသလိုရေးနေကြတယ်ဗျ၊ အမှုမှန်ကို တရားသူကြီး၊ ကျနော်တို့ရှေ့နေနဲ့ ကျနော်တို့ဘဲသိပါတယ်။ သေချာတာကတော့ ကျနော်တို့ လူယုတ်မာတွေမဟုတ်ဘူးဗျ” ဟုဆိုသည်။ အိမ်အကူ မိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ နဲ့ ဇနီးတို့ကို ဇူလိုင်(၂၉) ရက်နေ့ […]
NEWS
အိမ်ထောင်ရှင်အမျိုးသမီးငယ်တဦး ချောင်းရေအတွင်း ခုန်ဆင်းသတ်သေရန်ကြံစည်ခြင်း
28.7.2020 အိမ်ထောင်ရှင်အမျိုးသမီးငယ်တဦး ချောင်းရေအတွင်း ခုန်ဆင်းသတ်သေရန်ကြံစည်ခြင်း ဖြစ်စဉ်မှာ 27.7.2020နေ့ညနေ 4:30အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ဖြူ းမြို့နယ်နှင့် ကျောက်တံခါးမြို့နယ် အစပ်ဖြစ်သော အောင်မင်္ဂလာကျေးရွာ မြောက်ဘက်ထိပ်ရှိ သံတတားအောက်ရှိ မြစ်ချောင်းအတွင်းသို့ အမျိုးသမီးငယ် တဦး မိမိကိုယ်ကို သတ်သေရန် ဆိုင်ကယ် ကယ်ရီတစီးငှါးကာ ထွက်သွားကြောင်း သတင်းရ၍ အနီးရှိသတင်းပေးသူ အမျိုးသားတဦးနှင့် အမျိုးသမီးနှစ်ဦးခေါ်ယူကာ ဖေါ်ပြပါနေရာသို့ ဆက်တိုက်လိုက်လံရှာဖွေရာ ၎င်းတံတားအောက်ရှိ မြစ်ကမ္ဘားပေါ်မှ ကျောက်ခဲကြီးတလုံးအား ကြိုးချည်ကာ သူမ၏ လည်ပင်းတွင် […]
NEWS
မိုင်းကိုမှကိုင်ဆောင့်ရသလားအကိုရယ်
ယနေ့ 27-7-2020 မွန်းလွှဲ ၁ း၃၀ အကျော်ခန့်တွင် ကျောက်မဲမြို့နယ် ကျောင်းကုန်းကျေးရွာ နေ ဦးချစ်မောင် အသက်(၅၉)နှစ် သည် လည်းကောင်းပြောင်းဖူးစိုက်ပျိုးသည့် တောင်ယာ အတွင်း ယာရှင်းသွားစဉ် မိုင်း တွေရှိခဲ့ပါသည်။ လည်းကောင်းမိုင်းအား လက်ဖြင့်ကိုင်ဆောင်ပြီး ဓါးဖြင့်ခေါက်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့ပါသည်။ သေဆုံးသူ၏ Dead Body အား ဖြစ်ပွားရာ နေရာမှ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်မှ သွားရောက်သယ်ဆောင်ပြီး […]
NEWS
၅ နှစ်ခန့်အတူ ပေါင်းသင်းမနေဘဲနေခဲ့သည့် ဇနီးအား ခင်ပွန်းမှ ဓါးမဖြင့်ခုတ်
ရွှေပြည်သာ၊ ဇူလိုင် ၂၇/၂၀၂၀ ခင်ပွန်းဖြစ်သူမှ ၅နှစ်ခန့် အတူနေပေါင်းသင်းခြင်း မပြုသည့် ဇနီးအား ဓါးနှင့်ခုတ်သဖြင့် ဇနီးမှာ ဆေးကုသမှုခံယူနေစဉ် ဇူလိုင် ၂၆ ရက်နေ့၌ သေဆုံး ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ‌ရွှေပြည်သာမြို့‌နယ်နေ တရားလိုမှာ လွန်ခဲ့သော ၅ နှစ်ခန့်က ခင်ပွန်းဖြစ်သူ ဦးထွန်းရှင် နှင့် စိတ်သဘောထားခြင်းမတိုက်ဆိုင်၍ အတူနေထိုင်ပေါင်းသင်းခြင်းမရှိဘဲ သားဖြစ်သူ ကိုကျော်ကျော်နှင့်အတူ နေထိုင်ခဲ့ရာမှ လွန်ခဲ့သော တစ်ပတ်ခန့်က ဦးထွန်းရှင်နှင့်ပေါင်းသင်းစဉ် သားဖြစ်သူ […]
NEWS
လှည်းကူးတွင် ဇနီးဖြစ်သူကို ခင်ပွန်းက ဓါတ်ဆီလောင်း မီးရှို့
လှည်းကူး၊ ဇူလိုင် ၂၇/၂၀၂၀ ရန်ကုန်မြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ တွင် ဇူလိုင် ၂၄ရက်နေ့ ညနေ ၄နာရီခန့်က ခင်ပွန်းဖြစ်သူမှ ၎င်း၏ဇနီးအား ဓါတ်ဆီလောင်း မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နေအိမ်တွင်ရှိနေစဉ် ညီမဖြစ်သူ မချိုမာအား ၎င်း၏ ခင်ပွန်းမှ ဓါတ်ဆီလောင်း မီးရှို့ခဲ့၍ မြောက်ဥက္ကလာပ ဆေးရုံကြီးရောက်ရှိနေကြောင်း ပြောပြသိရှိရကြောင်း အစ်မဖြစ်သူက ဆိုသည်။ တရားလိုမှာ မြောက်ဥက္ကလာပဆေးရုံကြီးသွားရောက် ကြည့်ရှုခဲ့ရာ ညီမဖြစ်သူ၌ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ကျောပြင်တို့တွင် မီးလောင်ဒဏ်ရာများရရှိကာ […]
NEWS
မိန်ကလေးတစ်ဦး ကိုယ်ဝန် ၅/၆လခန့်ရရှိနေ ကျုးလွန်သူက ၂ဦးဖြစ်နေ
သက်ငယ်မုဒိမ်း နဲ့ သိန်း၃၀ အလျော်အစား ဘယ်သူများညှိနေတာလဲ ပေါင်မြို့နယ်ပန်းကုန်းကျေးရွာ ၁၃ ရပ်ကွက် ရထားလမ်းအောက်ပိုင်းမှ အသက်မပြည့်သေးသူမိန်ကလေးတစ်ဦး ကိုယ်ဝန် ၅/၆လခန့်ရရှိနေသည်။ ကျုးလွန်သူက ၂ဦးဖြစ်နေပြီး တစ်ဦးက မယားကွဲတစ်ခုလပ် သက်ကြီးအမျိုးသား ဖြစ်ကြောင်းနောက်တစ်ဦးက အသက် ၄၀ ကျော်ခန့်တ ရားဝင် မယားကြီးငုတ်တုတ်နဲ့ဖြစ်ကြောင်း။မယားကြီးငုတ်တုတ်ရှိသူအား ငွေ ၃၀ သိန်းပေးရန်ညှိနှိုင်းပေးသဖြင့် ယနေ့တွင် ခြံကိုလိုက်ပေါင် နေကြကြောင်း။ ကျေးရွာအုပ်ချုပ်ရေးမှုးက ထိုမုဒိမ်းမှုကိုမသိတာလား ၊ တာဝန်မဲ့ခြင်းလားတော့မသိပါ။သက်ငယ်မုဒိမ်းမှုများမှ ကလေးသူငယ်မုဒိမ်းကျင့်ခံရလို့ အမှုမတိုင်ဘဲညှိနေကြပြီး […]
NEWS
ပထော်ကျေးရွာက အမျိုးသားတစ်ဦး ဒေသခံတွေအဆိုအရ မိကျောင်းဝင်ပူး
တောင်ပိုင်းသား သတင်းအေဂျင်စီ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာမှာရှိတဲ့ “ရှင်မကန်” အဆောက်အဦးမှာ ဓလေ့အရ အုန်းငှက်ပျောပွဲ လာရောက်ဆက်သတဲ့ အမျိုးသမီး နှစ်ဦးကို အဆိုပါ နေရာအနီးနားမှာ သုဿာန် အုတ်ဂူလုပ်ဖို့ ခြုံနွယ်ရှင်းလင်းနေတဲ့ ပန်းရံ လုပ်သားတစ်ဦးက နှုတ်နဲ့ စနောက်ခဲ့ပြီးတဲ့နောက် မိကျောင်းပုံသဏ္ဍာန် တွားသွားနေတဲ့ပုံမျိုး ဖြစ်ပေါ်ခဲ့လို့ ဒေသခံတွေက မှတ်တမ်းရိုက်ယူခဲ့တာပါ။ ဇူလိုင်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီလို အုန်း ငှက်ပျောပွဲ လာရောက်ဆက်သတဲ့ အမျိုးသမီး ၂ […]
NEWS
ချစ်သူလမ်းကြားသွားမည့်သူများသတိထားပါ
NEWS
အဓမ္မပြုကျင့်သူအား ဥပဒေအရ တိကျမှန်ကန်စွာ အရေးယူပေးရန် တောင်းဆို
“ဒီလောက် ကလေးအပေါ် အကြိမ်ကြိမ်စော်ကားထားတာ။ အိမ်မှာလာပြီး ညှိနှိုင်းကြတယ်။ တခုပဲပြောချင်တယ်။ သားသမီးခြင်း ကိုယ်ချင်းစာစေချင်တယ်။ လူမဆန်တဲ့လုပ်ရပ်ကို ဥပဒေအရ မှန်မှန်ကန်ကန် အပြစ်ပေးဖို့ပဲ တောင်းဆိုချင်တယ်။”လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ဆန်းဦးက “အဲဒါကတော့ လဝက အိမ်ထောင်စုစာရင်းအရ သူက အသက်ကမပြည့်ဘူးဖြစ်နေတယ်။ စိစစ်တွေ့ရှိအရ စာရွက်စာတမ်းအထောက်အထားနဲ့ တင်တဲ့အခါကျတော့ အသက်က မပြည့်သေးဖြစ်နေတယ်” လို့ ပြောပါတယ်။ အမှုကို တရားစွဲတင်ခဲ့တဲ့နောက် မြို့နယ်တရားရုံးက အသက်မပြည့်သေးတဲ့အတွက် အာမခံပေးတာဖြစ်ပြီး အာမခံပေးတာက တရားရုံးအပိုင်ဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက […]
NEWS
စိတ်ဆိုးပြီးဆင်းလာသူသမက်ကိုယောက္ခမက ဓားနှင့်ခုတ်သတ်
ဇူလှိုင် ၂၆ ၂၀၂၀။ အမှုဖြစ်စဉ်မှာ၂၆.၇.၂၀၂ဝရက်နံနက်ရနာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ကျောက်တခါးမြို့နယ်၊ ပဲနွယ်ကုန်းရဲစခန်းအရှေ့ဘက်(၃)မိုင်(၄)ဖာလုံခန့်အကွာ ပဲနွယ်ကုန်းမြို့၊ဇရပ်ခင်ကျေးရွာအုပ်စု ၊အောက်တဲစုကျေးရွာတွင်လူတစ်ဦး ဓားခုတ်ဒဏ်ရာဖြင့်သေဆုံးနေကြောင်းဦးဌေးအောင်၊ အုပ်ချုပ်ရေးမှူး၊ဇရပ်ခင်ရွာသစ်ကျေးရွာအုပ်စုနေသူက ဖုန်းဖြင့်ဆက်သွယ်သတင်းပေးချက်အရ ရဲအုပ်မင်းဇော်၊ဒုရဲအုပ်အောင်ကျော်ဖြိုးဦးစီး(၂+၈)ဦး အဖွဲ့သည်သက်သေဦးဌေးအောင်၊ဦးဝင်းသိန်း၊၊ရာအိမ်မှူး၊ဇရပ်ခင်ကျေးရွာအုပ်စုနေသူတို့နှင့်အတူအခင်းဖြစ်အရပ်သို့သွားရောက်စစ်ဆေးရာသေဆုံးသူမှာအာကာစိုး(၃၃)နှစ်၊ကျဘမ်းလုပ်၊ဇရပ်ခင်ရွာဟောင်း/ဇရပ်ခင်ကျေးရွာအုပ်စုအုပ်စု(အဘအမည်စုံစမ်းဆဲ)၊ ပဲနွယ်ကုန်းမြို့နေသူဖြစ်ကြောင်းသိရှိရပြီးဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာလွန်ခဲ့သောရက်(၂၀)ခန့်ကမသက်ထားဦးနှင့်စကားများ၍ဇရပ်ခင်ကျေးရွာရှိနေအိမ်မှ အောက်တဲစုကျေးရွာရှိဖခင်ဖြစ်သူဦးရွှေဘ(၅၄)နှစ်၊ ကျဘမ်လုပ်သူ၏နေအိမ်သို့ဆင်းသွားကြောင်း၊ ခင်ပွန်းဖြစ်သူကိုအာကာစိုးသည်ဦးရွှေဘနေအိမ်တွင် လည်ပင်းဓါးခုတ်ရာဒဏ်ရာများဖြင့်သေဆုံးနေကြောင်း ရာအိမ်မှူးဦးဝင်းသိန်းကနေအိမ်သို့ရောက်ရှိလာပြီး ပြောပြသဖြင့်သိရှိခဲ့သောကြောင့်ခင်ပွန်းဖြစ်သူ အာကာစိုးကိုအသက်သေဆုံးအောင်ဓားဖြင့်ခုတ်သူအမည်မသိ(စုံစမ်းဆဲ)အားဥပဒေအရအရေးယူပေးပါရန် (၂၆.၇.၂၀၂၀)ရက်နံနက်၈နာရီခွဲအချိန်တွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာပဲနွယ်ကုန်း နယ်မြေရဲစခန်း(ပ)၁၅၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်ဆောင်ရွာထားရှိကာ အမှုအားရဲအုပ်မင်းဇော်မှလက်ခံစစ်ဆေးလျှက်ရှိပြီး တရားလိုနှင့်သက်သေများစစ်ဆေးခြင်း၊အခင်းဖြစ်အရပ်စစ်ဆေးခြင်း၊မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း ၊မြေပုံကြမ်းရေးဆွဲခြင်း၊ အမှုမှသေဆုံးသူကိုအာကာစိုးအားရဲဆေးစာဖြင့်ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာပြစ်မုှကျူးလွန်သူဖမ်းဆီးရမိစေရေးအတွက်အနီးပါတ်ဝန်းကျင်ရှိသက်သေဦး….(၄၂)နှစ်၊ ကျဘမ်းလုပ်၊အောက်တဲစုကျေးရွာ၊ဇရပ်ခင်ကျေးရွာအုပ်စုနေသူအားစစ်မေးရာ၂၆.၇.၂၀၂ဝရက်၆နာရီခွဲအချိန်ခန့်၌နေအိမ်တွင်ရှိနေစဉ် ၎င်းနေအိမ်နှင့် (၂)အိမ်ကျော်တွင်နေထိုင်သောရွှေဘ(ခ)စိုးသိန်း(၅၄)နှစ်၊ကျဘမ်းလုပ်သူမှရောက်ရှိလာ ပြီး၎င်း၏ သားမတ်တော်စပ်သူကိုအာကာစိုး(၃၃)နှစ်၊ကျဘမ်းလုပ် […]