
ပုသိမ်-မုံရွာလမ်းမပေါ်တွင် ရဲအုပ်တဦး ဒဏ်ရာဖြင့် သေဆုံး
သြဂုတ်(၂) AlinnMyay(အလင်းမြေ) ပြည်မြို့နယ်၊ပေါင်းတလည်နယ်မြေရဲစခန်းမှ စခန်းမှုး ရဲအုပ်တဦး ပုသိမ်-မုံရွာလမ်းပေါ်တွင် သေဆုံးနေသည့်ဖြစ်စဉ်တခု သြဂတ်လ ၁ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ ပေါင်းတည်နယ်မြေရဲစခန်းမှုးအဖြစ်တာဝန်ထမ်းဆောင်နေသူ ရဲအုပ်ကျော်ကျော်လင်းဆိုသူဖြစ်ပြီး ယာဘက်နားထင်သွေးယိုစီးဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်သည်။ မကွေးတိုင်း၊ကံမမြို့နယ်၊အလယ်ချောင်းကျေးရွာအနီး၊မိုင်တိုင် အမှတ် ၁၄၇/၆နှင့် ၁၄၇/ရအကြားတွင် Suzuki ၊SWIFT အမျိုးအစားကားတစ်စီးသည် သြဂတ်လ ၁ရက်နံနက်ပိုင်းတည်းက ရပ်တန့်ထားသည်ကို ဒေသခံများတွေ့ရှိခဲ့ပြီး ညနေပိုင်းအထိ ထိုနေမှ မထွက်ခွာပဲရပ်တန့်ထားသဖြင့် အလယ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှုးမှ ညနေ ၅နာရီခန့်တွင် နယ်မြေခံစခန်းသို့ အကြောင်းကြားခဲ့သည်။နယ်မြေခံရဲစခန်းမှ […]