NEWS

စကားများရန်ဖြစ်ကြပြီးနောက် ဇနီးသည်သွားရာ လမ်းမှ စောင့်ဆိုင်းကာ ဓားမြှောင်ဖြင့်ထိုးသတ်မှုဖြစ်

သြဂုတ်(၂၄) AlinnMyay(အလင်းမြေ) လင်မယားချင်း စကားများပြီးနောက် လင်းသားဖြစ်သူမှ ဇနီးသည် သွားလာလမ်းတွင် စောင့်ဆိုင်းကာ ဓားမြောင်ဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ် ဒီကနေ့ သြဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းက အုတ်တွင်းမြို့တွင် ဖြစ်သွားခဲ့ကြောင်းသိရသည် ။​ တောင်ငူခရိုင် ၊ အုတ်တွင်းမြို့ ၊ ကြက်သွန်ခင်း ၂ ရပ်ကွက် ကံလျှက်ဘုရားအနီး ၊ လက်စွပ်ကျကျေးရွာသွား လမ်းဘေးတွင် အဆိုပါ ဖြစ်စဉ် ဖြစ်ပွါးခဲ့ကြောင်း သိရသည် ။ […]